Irrawaddy Bridge, Sagaing, Mandalay Region

မြန်မာနိုင်ငံတွင်ရင်းနှီးမြှုပ်နှံမှုလွယ်ကူချောမွေ့စေရန်

ပွင့်လင်းမြင်သာသော ‌‌နေရာတစ်ခု

မြန်မာနိုင်ငံ၏စီမံကိန်းဘဏ်ဆိုသည်မှာအဘယ်နည်း။

စီမံကိန်းဘဏ်သည် မြန်မာနိုင်ငံ၏ ရေရှည် တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း (၂၀၁၈-၂၀၃၀) ကိုအကောင်အထည်ဖော်ရာတွင် ရင်းနှီး မြှုပ်နှံမှု စီမံကိန်းများကို မီးမောင်းထိုးပြထားသည့် ပွင့်လင်း မြင်သာသော၊ အပြန်အလှန်ချိတ်ဆက်မှုရှိသော အချက်အလက်များကို များကိုဝင်ရောက်ကြည့်ရှုအသုံးပြုနိုင်သော ဝက်ဘ်အခြေခံ စီမံကိန်းအချက်အလက်များ သိုမှီးထားသည့် ဒေတာဘဏ်ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏စီမံကိန်းဘဏ်သည်အဘယ်ကြောင့် အရေးကြီး ပါသနည်း။

မြန်မာနိုင်ငံ၏စီမံကိန်းဘဏ်သည် အဓိက ရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကို သင့်လျော်သော ငွေကြေးအရင်းအမြစ်များနှင့် ချိတ်ဆက်ပေးနိုင်သည့် ပွင့်လင်းမြင်သာကာ ခန့်မှန်းရလွယ်ကူသောစနစ်တစ်ခုကိုဖော်ထုတ်ပေးသည်။ ၄င်းစနစ်မှ နိုင်ငံတော် ရေရှည်ဖွံ့ဖြိုးရေးအတွက် အခြေခိုင်မာသည့် ဖွံ့ဖြိုးမှုစီမံကိန်းများကိုအဆင်ပြေပူးပေါင်းဆောင်ရွက်နိုင်သည့် နည်းလမ်းများပံ့ပိုးပေးပါသည်။

မြန်မာနိုင်ငံ၏စီမံကိန်းဘဏ်၏ အခန်းကဏ္ဍများက မည်သနည်း။

မြန်မာနိုင်ငံစီမံကိန်းဘဏ်သည် လူမှုရေး၊ သဘာဝပတ်ဝန်းကျင်၊ စီးပွားရေး နှင့် ဆုံးရှုံးနိုင်ခြေဆိုင်ရာ အညွှန်းကိန်းများကိုအခြေခံ၍သော်လည်းကောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးရေး ရည်မှန်းချက်များ ကိုလျှောက်လှမ်းရာတွင် ရရှိလာနိုင်သည့် မဟာဗျူဟာကျ အကျိုးသက်ရောက်မှုများကိုထည့်သွင်းစဥ်းစား၍ လည်းကောင်း အဓိကရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကို ကနဦးသတ်မှတ်ခြင်း၊ စိစစ်ခြင်း၊ စိစစ်သုံးသပ်ခြင်း နှင့် ဦးစားပေး အစီအစဉ် သတ်မှတ်ခြင်းတို့ကို ပံ့ပိုးဆောင်ရွက်ပေးပါသည်။

" မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း အရ အကောင်အထည်ဖော် မည့် စီမံကိန်းများ ကို တစ်နေရာတည်း စုံလင်စွာဝင်ရောက်ကြည့်ရှုနိုင်မယ့် အွန်လိုင်း One Stop Shop ဖြစ်ပါတယ်။ "

ဒေါ်အောင်ဆန်းစုကြည်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရ၊ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်၊

How projects gain entry

မြန်မာနိုင်ငံအတွက်ရရှိမည့်အကျိုးကျေးဇူးများ။

Government benefits illustration
  • အဓိကရင်းနှီးမြှုပ်နှံမှုစီမံကိန်းများကို ဖော်ထုတ်ရာတွင်နှင့် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပိုမိုပွင့်လင်းမြင်သာပြီးခန့်မှန်းရလွယ်ကူသော စနစ်တစ်ခုပေါ်ပေါက်လာခြင်း။
  • အဓိကရင်းနှီးမြှုပ်နှံမှု စီမံကိန်းများကို ပိုမိုကောင်းမွန်စွာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်ခြင်းနှင့် ဦးစားပေးသတ်မှတ်နိုင်ခြင်း။
  • အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများကို ပိုမို ထိရောက်စွာ အကောင်အထည်ဖော်နိုင်ခြင်း။
  • အဓိကရင်းနှီးမြှုပ်နှံမှု စီမံကိန်းများကို စိစစ်အကဲဖြတ်ခြင်း၊ သုံးသပ်ခြင်း၊ ဦးစားပေးသတ်မှတ်ခြင်းတို့အတွက် အကောင်းဆုံး အလေ့အထများဖြင့် ဆောင်ရွက်နိုင်ခြင်း။
  • နိုင်ငံတော် ဖွံ့ဖြိုးမှုရည်မှန်းချက်များကို အကောင်အထည် ဖော်ရာတွင် ပုဂ္ဂလိက ကဏ္ဍများမှ ပူးပေါင်းပါဝင်နိုင်မည့် အခွင့်အလမ်းများ ပိုမိုပေါ်ထွက်လာခြင်း။

ရင်းနှီးမြှုပ်နှံသူများအတွက် ရရှိနိုင်မည့် အကျိုးကျေးဇူးများ။

Investor benefits illustration
  • အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအတွက် မူဘောင်အသစ် ပေါ်ထွက်လာခြင်း။
  • ဆောင်ရွက်ဆဲနှင့် အဆိုပြုအဓိကရင်းနှီးမြှုပ်နှံမှု စီမံကိန်းများ ကိုတစုတစည်းတည်းဖော်ပြထားပြီး အများပြည်သူဝင်ရောက် ကြည့်ရှုနိုင်သည့် နေရာတစ်ခု ပေါ်ပေါက်လာခြင်း။
  • ရင်းနှီးမြှုပ်နှံသူရှာဖွေလိုသည့် စီမံကိန်းများ၏ တိကျခိုင်မာသော သုံးသပ်မှုများဖြင့် ဗျူဟာမြောက်မှု၊ စီးပွားရေးအရတွက်ခြေကိုက်မှု နှင့် ရင်းနှီးမတည်ရန် ငွေကြေးရရှိနိုင်စွမ်းရှိမှုတို့ကိုစိစစ်ပြီးနောက် ယင်းတို့နှင့်သက်ဆိုင်ပြီး ပါဝင်ဆောင်ရွက်နိုင်သည့် အသေးစိတ် အချက်အလက်များကို ရှင်းလင်းစွာသိရှိနိုင်ခြင်း။
  • အဓိကသတင်းအချက်အလက်များဖြစ်သည့် ငွေကြေးရင်းမြစ်ဆိုင်ရာအစီအစဥ်၊ စီမံကိန်းအချိန်ဇယား၊ စီမံကိန်းအခြေအနေ နှင့် ဆက်သွယ်ရန်အချက်အလက်များကို အလွယ်တကူရရှိနိုင်ခြင်း။

For more information

အချိန်မှန် ထုတ်ပြန်ချက်များ ရရှိစေရန် စာရင်း ပေးသွင်းမည်

လိပ်စာ

နိုင်ငံတော်စီးပွားရေးရာပေါင်းစပ်ညှိနှိုင်းရေး ကော်မတီရုံး

အမျိုးသားမှတ်တမ်းများမော်ကွန်းတိုက်၊ ရာဇသင်္ဂဟလမ်း၊ နေပြည်တော်၊ မြန်မာနိုင်ငံ